Adventure Cove Waterpark ( ရေကစားဥယျာဉ် )

စင်ကာပူ ရောက်ရင် လူကြီး၊ လူငယ် ပျော်ရွှင်စရာ လည်ပတ်စရာ နေရာနောက်တစ်ခုကတော့ ဆန်တိုဆာ (sentosa) ကျွန်းပေါ်က Adventure Cove Waterpark ပဲဖြစ်ပါတယ်။ ရေလွှာလျှောစီး ကစားစရာ ပေါင်းများစွာအပြင် စိတ်လှုပ်ရှားဖွယ်ရာ Roller Coaster များ၊ ရေသတ္တ၀ါများကို ကိုယ်တိုင်ရေငုတ် ကိုင်တွယ်ကြည့်နိုင်သော ရေကန်များ၊ မိသားစုအလိုက်အတူတကွ ရေလှိုင်းစီးနိုင်သော ပျော်စရာ စမ်းချောင်းလေးများ၊ ကလေးသူငယ်များ ရောင်စုံငါးငယ်လေးများကို ဆော့ကစားနိုင်သော ရေအိုင်ငယ်ကလေးများ အစရှိသဖြင့် တစ်နေ့တာ အချိန်ကုန်ဆုံး မှန်းမသိနိုင်လောက်အောင် ပျော်ရွှင်စရာတွေအပြည့်ရှိတဲ့ ရေကစားဥယျာဉ် ဖြစ်ပါတယ်။

ဝင်ကြေး၊ ၊ လူကြီး - ၃၆ ဒေါ်လာ

ကလေး (အသက် ၄နှစ် မှ ၁၂ နှစ်အထိ) - ၂၆ ဒေါ်လာ

လူကြီး (အသက် ၆၀နှစ်နှင့် အထက်) - ၂၆ ဒေါ်လာ

တည်နေရာ၊ Adventure Cove Waterpark™

8 Sentosa Gateway
Sentosa Island
Singapore 098269

ဖွင့်ချိန်၊ ၊နေ့စဉ် မနက် (၁၀)နာရီ မှ ညနေ ()နာရီထိ

ရေကစားဥယျာဉ်မှာရှိတဲ့ ထင်ရှားတဲ့ လူကြိုက်အများဆုံး နေရာများကို စုစည်းတင်ပြလိုက်ပါတယ်။

ကဲ ……တစ်နေကုန် စိုစို ရွှဲ ရွှဲအမောအပန်းတွေ ပြေဖို့ ရေကစားဥယျာဉ်မှာတွေ့ဆုံကြပါစို့။

Dueling Racer

အမြန်နှုန်းနဲ့ ရေလွှာလျောစီး

Pipeline Plunge

ရေပိုက်ကြီးတစ်ခုထဲရောက်သွားသလို သဲထိတ်ရင်ဖို အချိုးအကွေ့များနဲ့ ရေလွှာလျောစီး

Riptide Rocket

အရှေ့တောင်အာရှ၏ ပထမဆုံးအဆင့်မြင့် ရေလွှာလျောစီး

Spiral Washout

ခရုပတ် ပုံဆန်းဆန်းပြားပြား ရေလွှာလျောစီး

Whirlpool Washout

အေးစိမ့်စိမ့် ရေများနှင့် စိတ်လှုပ်ရှားဖွယ် ရေလွှာလျောစီး

Ray Bay

ငါးလိပ်ကျောက်များကို ကိုင်တွယ်ကြည့်စရာ ပင်လယ်ငယ်ကလေး

Rainbow Reef

ငါးပေါင်း ၂၀၀၀၀ ကျော်ရှိတဲ့ ပင်လယ်ငယ်လေး

Adventure River

မိသားစု ပျော်စရာ ရေအောက်ဥမင်

 

ရောက်ရှိနိုင်တဲ့ Bus Number တွေကတော့ RWS 8188R963RNR1NR6 တွေဖြစ်ပြီး MRT နဲ့ဆိုရင်တော့ HarbourFront Station ကတဆင့် Sentosa Express စီးပြီးရောက်ရှိနိုင်ပါတယ်။

Website link >> Adventure Cove Waterpark

Follow us on facebook