Jurong Bird Park, Singapore (ဂျုးရောင်း ငှက်ဥယာဉ်)

 
င်ကြေး၊

 

လူကြီး - ၂၀ ဒေါ်လာ
ကလေး - ၁၃ ဒေါ်လာ

တည်နေရာ၊

2 Jurong Hill Singapore 628925

ဖွင့်ချိန်၊

၊နေ့စဉ် မနက် ()နာရီ (၃၀)မိနစ် မှ ညနေ ()နာရီထိ

 

စင်ကာပူနိုင်ငံက ထူးထူးခြားခြားလည်ပတ်စရာ နေရာတစ်ခုကတော့ ငှက်ဥယျာဉ် ဖြစ်ပါတယ်။ ဂျုးရောင်း (JURONG) မြို့နယ်မှာရှိတဲ့ ဒီငှက်ဥယာဉ်ဟ ၁၉၇၂ ခုနှစ်မှာစတင် ဖွင့်လှစ်ပြီး အာရှ၏ အကြီးဆုံးငှက်ဥယျာဉ် တစ်ခုဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၃၈၀ ကျော်၊ ငှက်အကောင်ရေပေါင်း ၅၀၀၀ ကျော်ရှိတဲ့ ဒီ်ဥယျာဉ်ရဲ့ အကျယ်အ၀န်းကတော့ ဧက ၅၀ကျော်ကျယ်ဝန်းပါတယ်။ ဥယျာဉ်ကို သဘာဝတောအုပ်တစ်ခုကဲ့သို့ ဖန်တီးထားပြီး ရေတံခွန်များ ၊ စမ်းချောင်းလေးများ၊ ရေကန်များ သစ်ပင်ပန်းမန်များနဲ့ သာသာယာယာ တည်ရှိပါတယ်။

 

အလည်လာသူတွေကို အထိကဆွဲဆောင်တဲ့ နေရာများကကိုဖော်ပြပေးလိုက်ပါတယ်။

 

Kings of the Skies Show

စွန်ငှက်များ၊ လင်းယုန်များရဲ့ အစွမ်းပြပွဲ ဖြစ်ပါတယ်။ နေ့စဉ် မနက် (၁၀)နာရီတစ်ကြိမ်၊ ညနေ ()နာရီတစ်ကြိမ် ပြပွဲရှိပါတယ်

High Flyers Show

ကြက်တူရွေးလေးများရဲ့ ပြပွဲ ဖြစ်ပါတယ်။

နေ့စဉ် မနက် (၁၁)နာရီတစ်ကြိမ်၊ ညနေ ()နာရီတစ်ကြိမ် ပြပွဲရှိပါတယ်

 

Flamingo Lake

ကြိုးကြာနီတွေ အများကြီးကိုတစ်စုတစ်ဝေးတည်းတွေ့ရမယ့် ကြိုးကြာနီကန်

Heliconia Walk

ကြက်တူရွေးရောင်စုံ ကိုတစ်နေရာတည်းမှာတွေ့နိုင်မည့် နေရာ

Penguin Coast

ပင်ကွန်း လေးတွေရဲ့ ကမ်းခြေ

Waterfall Aviary

လူဖန်တီးထားတဲ့ ၁၃ထပ်အမြင့်ရှိတဲ့ရေတံခွန်

Birdz of Play

 

ကလေးများအတွက်ရေကစားရာနေရာ

 

 

 

ဒီ ငှက်ဥယျာဉ် ကိုရောက်ချင်ရင်တော့ Boonlay MRT station ကနေ Bus Number 194,251 တို့ကိုစီးပြီးရောက်နိုင်ပါတယ်။

Website Link http://birdpark.com.sg

Follow us on facebook