S.E.A. Aquarium (အဏ္ဏ၀ါပြတိုက်)

 
င်ကြေး၊
လူကြီး - ၃၈ ဒေါ်လာ
ကလေး (အသက် ၄နှစ် မှ ၁၂ နှစ်အထိ) - ၂၈ ဒေါ်လာ
လူကြီး (အသက် ၆၀နှစ်နှင့် အထက်) - ၂၈ ဒေါ်လာ
 
တည်နေရာ
Resorts World™ Sentosa
8 Sentosa Gateway , Singapore 098269
 
ဖွင့်ချိန်၊
နေ့စဉ် မနက် (၁၀)နာရီ မှ ညနေ ()နာရီထိ

 

ကမ္ဘာအကြီးဆုံး အဏ္ဏ၀ါပြတိုက်ရယ်လို့ ဆိုတဲ့ ဒီပြတိုက်တည်နေရာကတော့ ဆန်တိုဆာ (sentosa) ကျွန်းပေါ်မှာပဲဖြစ်ပါတယ်။ ရင်သတ်ရှူမောဖွယ် ရေအောက်ကမ္ဘာကို နှစ်သက်သူများမသွားမဖြစ် သွားရောက်လည်ပတ်သင်တဲ့နေရာဖြစ်ပါတယ်။ သမုဒ္ဓရာရေအောက်ရှူခင်းများနှင့် ရေအောက်သတ္တ၀ါများရဲ့ လှုပ်ရှားသွားလာပုံတွေကို အတားအဆီးမရှိ မြင်ကွင်းကျယ်ကြည့်နိုင်မှာဖြစ်ပါတယ်။ ရေအောက် သတ္တ၀ါမျိုးစိတ်ပေါင်း ၈၀၀ ကျော်ရှိသော ဒီအဏ္ဏ၀ါပြတိုက်တွင် ငါးမျိုးစုံအပြင် ရှားပါးရေသတ္တ၀ါမျိုးစိတ်များ၊ ငါးမန်းကောင်ရေ ၂၀၀ ကျော်ကိုလည်းကြည့်ရှူလေ့လာနိုင်မည် ဖြစ်ပါသည်။

 

သဘာဝ သမုဒ္ဓရာရေအောက်ရောက်သွားသကဲ့သို့ ခံစားအပန်းဖြေစရာ အံ့သြရှူမောဖွယ် အပြာရောင်အဏ္ဏ၀ါပြတိုက် ကိုသွားကြပါစို့။

အဏ္ဏ၀ါပြတိုက် အတွင်းရှိ လူကြည့်အများဆုံးနေရာများကို စုစည်းတင်ပြလိုက်ပါတယ်။

 

 

 

Strait of Karimata & Java Sea

ဂျာဗားကျွန်းပင်လယ်ပြင်၏ ရေအောက်မြင်ကွင်း

 

Strait of Malacca & Andaman Sea

မလာကာကျွန်းနှင့်ပတ်ဝန်းကျင်၏ ရေအောက်မြင်ကွင်း

 

Ocean Journey

သမုဒ္ဓရာရေအောက်ရှူခင်းများ နှင့် ငါးမျိုးစိတ်များ

 

Open Ocean

ရေအောက် သတ္တ၀ါများကို မြင်ကွင်းကျယ် အနီးကပ်ကြည့်ရှူလေ့လာနိုင်မည့် နေရာ

 

South China Sea

တောင်တရုတ်ပင်လယ်ရေအောက်ရှူခင်းများ

 

Shark Seas

ငါးမန်းမျိုးစုံ လေ့လာနိုင်မည့် ပင်လယ်

 

ရောက်ရှိနိုင်တဲ့ Bus Number တွေကတော့ RWS 8188R963RNR1NR6 တွေဖြစ်ပြီး MRT နဲ့ဆိုရင်တော့ HarbourFront Station ကတဆင့် Sentosa Express စီးပြီးရောက်ရှိနိုင်ပါတယ်။

Website S.E.A. Aquarium

Follow us on facebook